Last day to register for High Impact Presentations! Register Now
All Courses / Youth & Teen / မျိုးဆက်သစ် တိုးတက်ရစ်ဖို့
Icon/In Person/TurqiousIn Person
Leadership
Youth & Teen

မျိုးဆက်သစ် တိုးတက်ရစ်ဖို့

အရွယ်ရောက် လူငယ်များကို ရည်စူးသော ဒေးကာနေးဂီ၏ သင်တန်းသည် လူငယ်များကို လက်ရှိ အခြေအနေအတွက် ပြင်ဆင်ပေးနိုင်ရန် လမ်းညွှန်ပေးပါသည်။

အရွယ်ရောက် လူငယ်များကို ရည်စူးသော ဒေးကာနေးဂီ၏ သင်တန်းသည် လူငယ်များကို လက်ရှိ အခြေအနေအတွက် ပြင်ဆင်ပေးနိုင်ရန် လမ်းညွှန်ပေးပါသည်။ ဤသင်တန်းတွင် လူငယ်များအနေဖြင့် ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ရာ နှင့် ထိုပန်းတိုင်များသို့ လျှောက်လှမ်းရာတွင် ၄င်းတို့၏ စွမ်းရည်ကို ကျောင်း၊အိမ် နှင့် လုပ်ငန်းခွင်တို့တွင် ပြည့်ဝစွာ အသုံးချနိုင်ရန်အတွက် လိုအပ်သော စွမ်းရည်များကို သင်ပြပေးသွားမည်ဖြစ်ပါသည်။ ဤသင်တန်းကို ယခင် သင်တန်းသားများမှ ပေးခဲ့သော သဘောထားမှတ်ချက်များအပေါ် မူတည်၍ ပြင်ဆင်ထားပြီး လက်တွေ့ဘဝဖြစ်ရပ်များ၊ သရုပ်ဆောင်ရခြင်းများပါဝင်သည့် တက်ကြွလှုပ်ရှားမှုများ များစွာထည့်သွင်းထားသော ၃ နာရီကြာမြင့်သည့် အချိန် ၈ ချိန်ပါဝင်ပါသည်။

What You’ll Learn

ဤသင်တန်းတွင် အနာဂတ်အောင်မြင်ရေးအတွက် အဓိကကျသော ကဏ္ဍ ၅ ခုကို ဆွေးနွေးထားပါသည်။ ၄င်းတို့မှာ မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ခြင်း၊ ဆက်ဆံရေး စွမ်းရည်များကို တိုးမြှင့်ခြင်း၊ အချင်းချင်း ပြောဆိုဆက်ဆံမှုကို တိုးတက်စေခြင်း၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု နှင့် ခေါင်းဆောင်မှုစွမ်းရည်များ၊ ထိရောက်သော သဘောထားစီမံခန့်ခွဲမှု တို့ဖြစ်ကြပါသည်။ ကဏ္ဍတစ်ခုချင်းစီသည် ဘဝတစ်ခုလုံး (လုပ်ငန်းခွင်အတွင်းရော အပြင်ပါ) လိုအပ်သော စွမ်းရည်များနှင့် များစွာဆက်စပ်လျက်ရှိပါသည်။

Why you want to learn it

ယနေ့ခေတ်တွင် ကမ္ဘာကြီးသည် ပိုမိုရှုပ်ထွေးလာပါသည်။ ပြိုင်ဆိုင်မှုများ ပိုမိုများပြားလာပြီး တောင်းဆိုမှုတွေကလည်း ယခင်ကထက် ပိုမိုများပြားလာပါသည်။ လူငယ်များသည် အများအားဖြင့် ပညာရေး၊ အလုပ် နှင့် ဆက်ဆံရေးများကို ဟန်ချက်ညီအောင်အားထုတ်နေရပါသည်။ တချိန်တည်းမှာပဲ ၄င်းတို့၏ အနာဂတ်အတွက်လည်း ပြင်ဆင်နေရပါသည်။ ဤအရွယ်ရောက်လူငယ်များအတွက် ဒေးကာနေးဂီ၏ သင်တန်းသည် ဆယ်ကျော်သက်များကို မိမိကိုယ်မိမိ ပိုမိုယုံကြည်မှုရှိလာစေရန်၊ မြီးကောင်ပေါက်အရွယ်မှာ ခံစားရသော ဖိအားများ နှင့် စိတ်ဖိစီးမှုများကို ၍ ပြင်ဆင်မှုအားကောင်းသော သူများဖြစ်လာစေသည် ဟုဆိုပါသည်။

How it will help you

သင်တန်းပြီးဆုံးသူများက ကျွနု်ပ်တို့ကို ဤသို့ပြောပြကြပါသည်။ ၄င်းတို့တွင် ရရှိလာသော စွမ်းရည်အသစ်များသည် ရည်ရွယ်ရာပန်းတိုင်များကို ပို၍ အာရုံစိုက်လာစေပါသည်။ ၄င်းတို့အနေဖြင့် ခက်ခဲသည့်ရွေးချယ်မှုများကို ပြုလုပ်ရသည့်အခါ၊ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရသည့်အခါ ဆုံးဖြတ်ချက်များကို ယခင်ထက်ပို၍ ကောင်းစွာချမှတ်နိုင်သည်ဟု ခံစားရသည်။ ထို့အပြင် ၄င်းတို့သည် ပို၍ စည်းရုံးနိုင်စွမ်းရှိသော ဆက်ဆံရေးသမားများဖြစ်လာပြီး တက္ကသိုလ်၊ ကောလိပ်များ လျှောက်ထားရာတွင် ပို

Print This Page
Share
Please select a location to view upcoming dates in your area.
Select a Location
Questions? Just Ask
This information you provide will be used in accordance with the terms of our privacy policy.
Submit