Live အွန်လိုင်းသင်တန်း
အသိအမှတ်ပြုလက်မှတ်ရထားသော နည်းပြဆရာများမှ ခက်ခဲပြီး တက်ကြွစွာပါဝင်ဆောင်ရွက်ရသော လှုပ်ရှားမှုများအား အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးနေချိန်တွင် သင့်ရုံးခန်း သို့မဟုတ် အိမ်မှတစ်ဆင့် အပြန်အလှန်ဆောင်ရွက်ရသော အစီအစဉ်များတွင် တက်ကြွစွာ ပါဝင်လိုက်ပါ။
အွန်လိုင်းတိုက်ရိုက်အစီအစဉ်များ
အွန်လိုင်း လေ့ကျင့်သင်ကြားရေးအတန်းများအား အဖွဲ့အစည်းတွင်းရှိ မည်သည့်နေရာမှမဆို တက်ရောက်နိုင်ခြင်းကြောင့် သင်ယူသူများအနေဖြင့် ပြောင်းလွယ်ပြင်လွယ်ရှိသော အချိန်ပိုင်းအတန်းများမှတစ်ဆင့် ၎င်းတို့၏ ကိုယ်ပိုင်အရှိန်ဖြင့် သင်ယူနိုင်သလို ၎င်းတို့၏အချိန်စာရင်းနှင့်ကိုက်ညီသော လေ့ကျင့်သင်ကြားမှုများအား တက်ရောက်နိုင်ပါသည်။ ထို့အတူ ၎င်းတို့အား တစ်ဦးတစ်ယောက်ချင်းအနေနှင့်ရော အသင်းအဖွဲ့အနေဖြင့်သာမက ကုမ္ပဏီတစ်ခုအနေဖြင့် တိုးတက်စေနိုင်သည့် အပြန်အလှန်ဆောင်ရွက်ရသော ကျွမ်းကျင်တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ အတွေ့အကြုံများကို ရှာဖွေတွေ့ရှိနိုင်ပါသည်။
အွန်လိုင်းမှ တိုက်ရိုက်လွှင့်သင်တန်းပေးသည့် ဖြေရှင်းနည်းများ
ဝက်ဘ်မှတစ်ဆင့် ဆွေးနွေးဟောပြောမှုများ
- တိုက်ရိုက်လွှင့်သင်ကြားသော နည်းပြဆရာမှပို့ချပေးသော တစ်နာရီစာသင်တန်း
- အရှိန်မြှင့်ထားသော တိုက်ရိုက်လွှင့် အပြန်အလှန် တုန့်ပြန်မှု
- အလျင်အမြန်အသုံးချရန်လိုအပ်သူများအတွက် လက်တွေ့စွမ်းရည်များ
အလုပ်ရုံဆွေးနွေးပွဲများ
- နှစ်နာရီ သို့မဟုတ် သုံးနာရီ တိုက်ရိုက်သင်ကြားရေးကဏ္ဍများ
- အခန်းခွဲများမှ အုပ်စုငယ်များအတွင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် အပြန်အလှန်ပြောဆိုဆက်သွယ်မှုများအား အဆင်ပြေချောမွေ့စေသည်
- တစ်ဦးချင်းစီအလိုက် လေ့ကျင့်ပို့ချမှုနှင့် တုံ့ပြန်ချက်
ဆွေးနွေးဟောပြောပွဲများ
- လေးပတ်၊ ခြောက်ပတ်ကြာသည့် အပတ်စဉ်ရှိသော သင်တန်းချိန်များစွာ
- အလုပ်ရုံဆွေးနွေးပွဲများ၏ အပြန်အလှန်ချိတ်ဆက်မှုဆိုင်ရာ အင်္ဂါရပ်များအားလုံး ပါဝင်သည်
- အတန်းချိန်များတစ်ခုနှင့် တစ်ခုကြားတွင် သင်ယူတတ်မြောက်ထားသော အရည်အချင်းများအား အကောင်းဆုံးအသုံးချပြီး တိုးတက်မှုအစီရင်ခံချက်များမှလည်း စွမ်းဆောင်ရည်တိုးတက်မှုအနေအထားကို သိရှိစေမည်ဖြစ်သည်
ရောသမထား
- သင်ယူမှုခရီးစဉ်ကို မိမိစိတ်ကြိုက်ပြင်ဆင်နိုင်ရန် လူကိုယ်တိုင်သင်ကြားရသည့် အစီအစဉ်များနှင့် အွန်လိုင်းတိုက်ရိုက်အစီအစဉ် နှစ်ခုစလုံးကို ရွေးချယ်လိုက်ပါ
- လူကိုယ်တိုင်ပါဝင်ရသည့် အပြန်အလှန်သင်ကြားမှုများနှင့် အွန်လိုင်းမှတစ်ဆင့် အဆင်ပြေချောမွေ့စွာ သင်ကြားရသည့် စွမ်းအားနှစ်ခုကို ပေါင်းစပ်လိုက်ပါ
သင့်ရဲ့ ကိုယ်ပိုင်ပေါ်တယ်မှတစ်ဆင့် အပြန်အလှန်ဆောင်ရွက်နိုင်သည့် စာသင်ခန်းတုဖြင့် သင့်ဝန်ထမ်းများကို ချိတ်ဆက်ပေးလိုက်ပါ။ သင်၏ဝန်ထမ်းမှ တိုးတက်ရန်လိုအပ်သော ကဏ္ဍရပ်များနှင့် အကောင်းဆုံးကိုက်ညီသော သင်ယူရေးလမ်းကြောင်းများအား သတ်မှတ်ပေးလိုက်ပါ။ သင်တန်းချိန်အတိုများတွင်ပါဝင်လေ့လာရန် သင့်ဝန်ထမ်းအား တက်ရောက်ခွင့်ပေးလိုက်ပြီး သင်ယူရရှိသော အရည်အချင်းအသစ်များအား ချက်ချင်းအသုံးချခွင့်ပေးလိုက်ပါ။
Reach out
Contact us at any time to ask questions or find out more about developing the skills you need to succeed at work and in your everyday life.