Last day to register for High Impact Presentations! Register Now

လူတွေ့သင်တန်း

ပါဝင်ပတ်သက်ရလွယ်ကူပြီး စွမ်းအင်ထက်ကာ ပူးပေါင်းပါဝင်မှုမြင့်မားသော အတန်းချိန်များအား အဆင်ပြေချောမွေ့စေရန်ဆောင်ရွက်ပေးသော အသိအမှတ်ပြုလက်မှတ်ရ နည်းပြဆရာများထံမှ အတောက်အထားခိုင်လုံသော နည်းဥပဒေသများနှင့် ချဉ်းကပ်မှုများကို လေ့လာပြီး အသုံးချလိုက်ပါ။

ကိုယ်တိုင်တက်ရောက်ရသော လေ့ကျင့်သင်ကြားမှုများအတွက် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်များ

သင်သည် လက်မှတ်ရနည်းပြနှင့် တစ်ဦးချင်းသင်ကြားခြင်းကိုနှစ်သက်သည်ဖြစ်စေ၊ စာသင်ခန်းငယ်တွင်သင်ကြားခြင်းကိုနှစ်သက်သည်ဖြစ်စေ၊ ဆွေးနွေးဖလှယ်ပွဲကြီးများကို နှစ်သက်သည်ဖြစ်စေ ကျွနု်ပ်တို ့သည်သင့်သင်ယူမှုပုံစံနှင့် အကိုက်ညီဆုံး သင်တန်းရွေးချယ်စရာများကိုပေးထားပါသည်။ ဒေးကာနေးဂီသင်တန်းမှသင်ယူခဲ့သည်များကို ပြန််လည်အသုံးချနိုင်ရန် ကျွနု်ပ်တို ့သည် လက်တွေ့ ့ကွင်းဆင်းလေ့ကျင့်ခန်းများ၊ လေ့ကျင့်သရုပ်ဆောင်ခြင်း၊ အနေထားပေါ်မူတည်သော နည်းပြခြင်း၊ အချိန်နှင့် တပြေးညီ မှတ်ချက်ပေးခြင်း၊ အပြင်လောကတာဝန်များ ကို ပေးထားပါသည်။ ဒေးကာနေးဂီ၏ လက်မှတ်ရနည်းပြဆရာများမှတစ်ဆင့် သင့်ကို အကောင်းဆုံးရလဒ်များပေးနိုင်ရန်နှင့် အဖြေများကို လိုအပ်ချက်နှင့် ကိုက်ညီအောင် အထူးစီမံပေးနိုင်ရန် ကျွနု်ပ်တို ့သည် အမြဲတမ်းမှန်ကန်သော ကိရိယာများ၊ အမှန်တရားများနှင့် နည်းစနစ်များပေါ်တွင် ရာစုနှစ်တစ်ခုကျော် မြှုပ်နှံခဲ ့ပြီးပါပြီ။

လုပ်ငန်းရလဒ်များကောင်းမွန်စေရန် မောင်းနှင်ပေးသော ချဉ်းကပ်မှု

အကျိုးသက်ရောက်မှု - သင်ရင်းနှီးမြုပ်နှံလိုက်ရသောအချိန်ပေါ်တွင် အကျိုးအမြတ်ရယူလိုက်ပါ

  • ကျွန်ုပ်တို့၏အစီအစဉ်များအား သင်၏စွမ်းဆောင်ရည်နှင့် အကျိုးသက်ရောက်မှုကို အရှိန်မြှင့်တင်ရန် ပြုလုပ်စီမံထားပါသည်။
  • • နည်းပြဆရာများမှ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ထားသော လေ့ကျင့်ခန်းများ၊ တစ်ဦးချင်းစီအလိုက်တင်ပြဆွေးနွေးချက်များ၊ အခြေအနေပေါ်မူတည်သည့် နည်းပြသင်ကြားမှုများ၊ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ချက်ပေးခြင်းနှင့် အသိအမှတ်ပြုပေးခြင်း စသည့်နည်းလမ်းများဖြင့် ပေါင်းစပ်သင်ကြားပေးပါသည်။
  • သင်၏ အလားအလာကို အပြည့်အဝ လမ်းပွင့်စေမည့် နှစ်လိုဖွယ်ကောင်းသော စုံစမ်းမေးမြန်း ချဉ်းကပ်မှု

ယုံကြည်မှု - အရည်အသွေးမြင့်မားမှု အမွေအနှစ်

  • ကမ္ဘာတစ်ဝှမ်းတွင် သင်တန်းဆင်းသွားသူ ၉ သန်းကျော် ရှိပါသည်
  • ကျွန်ုပ်တို့၏ သင်တန်းနည်းပြများမှ သင်၏ ပုဂ္ဂိုလ်ရေးနှင့် အသက်မွေးဝမ်းကြောင်းပညာရပ် တိုးတက်ဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြှုပ်နှံထားခဲ့သည်မှာ နှစ်ပေါင်း၁၀၀ကျော်ကြာခဲ့ပြီဖြစ်ပါသည်။
  • ကျွန်ုပ်တို့မှာ ISO 9000 လက်မှတ်ရ အဖွဲ့အစည်းဖြစ်ပါသည်
  • SHRM နှင့် ATD အပါအဝင် လုပ်ငန်းတွင်ဦးဆောင်သူ အဖွဲ့ဝင်အဖွဲ့အစည်းများနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှု

လူအများကြားဦးဆောင်သူဖြစ်ခြင်း - လုပ်ငန်းတွင်းအကောင်းဆုံး နည်းလမ်း

  • သင့်အနေဖြင့် "မိတ္တဗလဋီကာ" စာအုပ်တွင်ဖော်ပြထားသော သမိုင်းတစ်လျှောက်အကောင်းဆုံးဖြစ်သော နည်းဥပဒေသများမှ လေ့လာခွင့်ရရှိမည်ဖြစ်သည်။
  • ဝန်ထမ်းများစေ့စပ်ဆောင်ရွက်မှု၊ ဦးဆောင်မှုနှင့် ကျွမ်းကျင်တိုးတက်ရေးကဏ္ဍများနှင့် ပတ်သက်သည့် ကျွန်ုပ်တို့၏ ဆောင်ရွက်ဆဲသုတေသနအား ပေါင်းစပ်သင်ကြားပေးသွားမည်ဖြစ်သည်

ဒေသတွင်း ရွေးချယ်စရာများ - ကမ္ဘာ့နှင့်အဝှမ်း ခြေဆန့်မှု

  • နိုင်ငံပေါင်း ၈၅ နိုင်ငံရှိ တည်နေရာပေါင်း ၂၀၀ ကျော်တွင် ဘာသာစကားပေါင်း ၃၀ ဖြင့်ပို့ချသော သင်တန်းများမှ ရွေးချယ်လိုက်ပါ၊ ထိုပမာဏမှာ လုပ်ငန်းတွင်းအများဆုံးပမာဏဖြစ်သည်
  • သင်တန်း ရုံးခန်းများမှာ ဗဟိုချက်နေရာများတွင်တည်ရှိပြီး သင်၏အချိန်စာရင်းနှင့် ကိုက်ညီရန် ပြောင်းလဲညှိနှိုင်းနိုင်သည့် အဆင်ပြေချောမွေ့သော အတန်းရက်စွဲများနှင့် အတန်းချိန်များစွာကို ကမ်းလှမ်းထားသည်။

ကိုယ်တိုင်တက်ရောက်ရသော လေ့ကျင့်သင်ကြားမှုများအားတက်ရောက်ရန် ယနေ့ပဲ စာရင်းပေးသွင်းလိုက်ပါ

Reach out
Contact us at any time to ask questions or find out more about developing the skills you need to succeed at work and in your everyday life.
Logo
This information you provide will be used in accordance with the terms of our privacy policy.
Submit