Last day to register for High Impact Presentations! Register Now
All Courses / Presentation / ကောင်းကျိုးမြင့်မား တင်ပြခြင်းများ : အခမဲ့ ကဏ္ဍ
Icon/In Person/TurqiousIn Person
Presentation
Presentation

ကောင်းကျိုးမြင့်မား တင်ပြခြင်းများ : အခမဲ့ ကဏ္ဍ

သင့်အနေဖြင့် အားကောင်းသော တင်ပြပြောဆိုခြင်းများပြုလုပ်နိုင်ရန်အတွက် နည်းနာနိဿယများကို သိရှိလာမည်ဖြစ်သည်။ ဤသို့အားဖြင့် သင်သည် အကျိုးရလဒ်များကိုသာ အမြဲတစေ ရရှိလာနိုင်ပါလိမ့်မည်။
FREE!

၁၉၁၂ ခုနှစ်မှစ၍ ဒေးကာနေးဂီသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပွေလီသော စီးပွားရေးဝန်းကျင်အသီးသီးတွင် အောင်အောင်မြင်မြင် နှင့် ခရီးဆက်နိုင်ရန် နည်းနာနိဿယများကို ရှာဖွေမိတ်ဆက်ပေးလျက်ရှိပါသည်။ သင့်အနေဖြင့် အားကောင်းသော တင်ပြပြောဆိုခြင်းများပြုလုပ်နိုင်ရန်အတွက် နည်းနာနိဿယများကို သိရှိလာမည်ဖြစ်သည်။ ဤသို့အားဖြင့် သင်သည် အကျိုးရလဒ်များကိုသာ အမြဲတစေ ရရှိလာနိုင်ပါလိမ့်မည်။

What You’ll Learn

ကောင်းကျိုးမြင့်မား တင်ပြခြင်းများ သင်တန်းတွင် ထိရောက်သော တင်ပြပြောဆိုမှု တည်ဆောက်ခြင်းကို အဓိကသင်ကြားပေးပြီး ယင်းမှတစ်ဆင့် ယုံကြည်စိတ်ချရမှုကို တည်ဆောက်နိုင်ခြင်း၊ ပေါင်းသင်းဆက်ဆံရေးများကို ပိုမိုအားကောင်းစေခြင်း နှင့် သဘောတရားကို ရှင်းလင်းစွာ ပို့ဆောင်ပေးနိုင်ခြင်း တို့ကို ဆောင်ကြဉ်းပေးမည်ဖြစ်ပါသည်။ အသံ နှင့် အမူအရာကို အကောင်းဆုံး အသုံးချတတ်အောင် ကြိုးစားပြီး သင့်အပေါ်တွင် အထင်ကြီးခြင်း ရှည်ကြာအောင် လုပ်ဆောင်ပါ။ ထို့အပြင် လေးလေးနက်နက်ပြောဆိုရသည့် မိန့်ခွန်းများမှ နေ၍ သာမန် အလွတ်သဘောပြောဆိုရခြင်းများ၊ အငြင်းအခုံများ တိုင်အောင် တင်ပြပြောဆိုခြင်းအမျိုးမျိုးကိုလည်း ပိုင်နိုင်အောင် ကြိုးစားပါ။

Why you want to learn it

ယင်းကို သင်၏ သရဖူထဲက ရတနာလို ခံယူပါ။ ကောင်းစွာ တင်ဆက်နိုင်ပါက သင့် တင်ပြပြောဆိုခြင်းဟာ ကွဲထွက်နေပါလိမ့်မည်။ ဤသို့ဖြင့် သင့်ပရိတ်သတ်သည် သင့်ကို ကြိုတင်ပြင်ဆင်မှုရှိသူ၊ အသိအမြင်ကြွယ်ဝသူ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသူ တစ်ယောက်အဖြစ် မြင်လာပါလိမ့်မည်။ အောင်မြင်သည့် တင်ပြပြောဆိုမှုတစ်ခုဟာ သင့်ကို သင့်ရဲ့ ပြိုင်ဘက်များမှနေ၍ ကွဲထွက်စေနိုင်မည်ဖြစ်ပါသည်။

How it will help you

ဤကဏ္ဍတွင် သင့်အနေဖြင့် ကောင်းမွန်သောပုံရိပ်တစ်ခုကို ထိန်းသိမ်းထားနိုင်ရန်၊ ပိုမို ထက်မြက်သော ဆက်သွယ်ဆောင်ရွက်နိုင်သူ တစ်ယောက်၊ သင့်အဖွဲဲ့အစည်းအတွက် တန်ဖိုးမြင့်မားသူတစ်ယောက်ဖြစ်ရန် ကူညီလမ်းညွှန်ပေးသွားပါမည်။ ပေါင်းသင်းဆက်ဆံရေး၊ ပုဂ္ဂလိကပုံရိပ် နှင့် လုပ်ငန်းခွင်ဆိုင်ရာ ပုံရိပ်၊ နှင့် အရေးအကြီးဆုံးအားဖြင့် သင့်ရဲ့ အောက်ခြေဝန်ထမ်းများနှင့် ပတ်သက်၍ သင့်မှာ သိသာသော ရလဒ်များရှိလာပါလိမ့်မည်။

Print This Page
Share
Please select a location to view upcoming dates in your area.
Select a Location
Questions? Just Ask
This information you provide will be used in accordance with the terms of our privacy policy.
Submit