Last day to register for High Impact Presentations! Register Now
All Courses / Sales / ဝယ်သူနှင့် ဆက်ဆံံရေးကောင်းကောင်းတည်ဆောက်၍ ရောင်းအားမြှင့်တင်ခြင်း
Icon/In Person/TurqiousIn Person
Sales Training
Sales

ဝယ်သူနှင့် ဆက်ဆံံရေးကောင်းကောင်းတည်ဆောက်၍ ရောင်းအားမြှင့်တင်ခြင်း

ယနေ့ဝယ်သူများဟာ ပို၍ အသိပညာရှိလာကြပြီဖြစ်ပါသည်။

ခိုင်မာသော ဆက်ဆံရေးများတည်ဆောက်ခြင်းဖြင့် သင့်ဝယ်သူများက သင်၏ ရောင်းကုန်ထက် သင့်ကို ပိုမို၍ အသိအမှတ်ပြုလာပါလိမ့်မည်။ ၄င်းတို့၏ အဓိကလိုအပ်ချက်များကို အခြေခံံသော ဝန်ဆောင်မှုများပေးပါ။ ထိုအခါ ၄င်းတို့က သင့်အား စီးပွားရေးဆက်ဆံမှုများ၊ အခြားသူများကို သင့်လုပ်ငန်းအား ညွှန်းပေးခြင်းများ အကြိမ်ကြိမ်ပြုလုပ်ပေးခြင်းအားဖြင့် စဉ်ဆက်မပြတ် ရောင်းအားများ ကောင်းမွန်စေရန် ကူညီပေးပါလိမ့်မည်။ ဤသို့ဖြင့် ယုံကြည်မှု စက်ဝန်းကို အသက်ဝင်ပါစေမည်။

What You’ll Learn

ယနေ့ဝယ်သူများဟာ ပို၍ အသိပညာရှိလာကြပြီဖြစ်ပါသည်။ ပို၍ လေ့လာမှုတွေရှိလာပြီဖြစ်ပြီး ရွေးချယ်စရာများလည်း ယခင်ကထက်ပို၍ များပြားလာပြီဖြစ်ပါသည်။ သင့် ဝယ်သူများကို သင့် ထုတ်ကုန် နှင့် ဝန်ဆောင်မှုများကို အမြဲတစေ ရွေးချယ်ပြီး အခြားသူများကိုပါ သတင်းစကားထပ်ဆင့်ပါးပေးမည့် ယုံကြည်ရသော ဖောက်သည်များအဖြစ် ပြောင်းလဲနိုင်ရန်အတွက် ၄င်းတို့ကို ထုတ်ကုန်ရောင်းချခြင်းသက်သက် သို့မဟုတ် ဝန်ဆောင်မှုပေးခြင်းသက်သက်ထက်ပိုသော တန်ဖိုးထားမှုကို ပေးစွမ်းပါ။ သင့် ဝယ်သူက ရရှိလိုက်သော အကောင်းဆုံး ဆုလာဘ်မှာ သင် ဖြစ်သည်ဟု ခံစားရအောင် လက်တွဲလုပ်ဆောင်မှု မည်သို့တည်ဆောက်ရမည်ကို သင်ယူပါ။

Why you want to learn it

စျေးကွက်တွေဟာ အပြိုင်အဆိုင် အလွန်များပြားလာပြီဖြစ်ပါသည်။ အကယ်၍ အပြုသဘောဆောင်သော၊ ပရော်ဖက်ရှင်နယ်ဆန်သော ဆက်ဆံရေးများသာမရှိပါက အောင်မြင်မှုရှိမည်မဟုတ်ပါ။ ဤသင်တန်းသည် သင့်ဝယ်သူများနှင့် ပရော်ဖက်ရှင်နယ်ဆန်ဆန် အကျွမ်းတဝင် ပေါင်းသင်းဆက်ဆံခြင်းဖြင့် ယှဉ်ပြိုင်သူများကိုကျော်လွန်၍ အောင်မြင်မှုရရှိရန် ကူညီပေးမည့် အရေးပါသော သင်တန်းတစ်ခုဖြစ်ပါသည်။ သင့်ပြိုင်ဘက်များက သူတို့ကို ဘယ်လို အနိုုင်ယူသွားသည်ကို သိပင် သိလို်က်မည်မဟုတ်ပါ။

How it will help you

စိတ်ချယုံကြည်ရသော ဆက်ဆံရေးများရှိလာသည့်အခါ ဝယ်သူများသည် သင့်ကိုပိုပြီး သစ္စာရှိရှိလက်တွဲသွားပါလိမ့်မည်။ ၄င်းတို့၏ သင့်အပေါ်ယုံကြည်မှုကို ပိုမိုခိုင်မာစေပြီး သင့်ရောင်းအားပမာဏကို ကောင်းစွာတိုးတက်စေမည်ဖြစ်ပါသည်။ သင့်ရဲ့ ထုတ်ကုန်များကို အမြဲတစေ ရွေးချယ်သည်သာမကဘဲ ၄င်းတို့၏ မိတ်ဆွေများကိုပါ သင် သို့မဟုတ် သင့်ကုမ္ပဏီကို ညွှန်းပေးသွားမည်ဖြစ်သည်။

Print This Page
Share
Please select a location to view upcoming dates in your area.
Select a Location
Questions? Just Ask
This information you provide will be used in accordance with the terms of our privacy policy.
Submit