Last day to register for High Impact Presentations! Register Now
All Courses / Leadership / ခေါင်းဆောင်မှုပန်းတိုင်သို့ တက်လှမ်းခြင်း
Icon/Live Online/AccentLive Online
Leadership
Leadership

ခေါင်းဆောင်မှုပန်းတိုင်သို့ တက်လှမ်းခြင်း

ပါဝင်အကြံပြုဆောင်ရွက်သူ တစ်ဦးအဖြစ်မှ ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ် တိုးတက် ပြောင်းလဲခြင်းအား ပိုမ်ိုချောမွေ့ လွယ်ကူစေရန် ဤသင်တန်းက ဆောင်ရွက်ပေးပါလိမ့်မည်။ တာဝန်လွှဲအပ်ခြင်း၊ အချိန်ကို အကျိုးရှိစွာစီမံခန့်ခွဲခြင်း၊ စွမ်းဆောင်ရည် သုံးသပ်အကဲဖြတ်ခြင်း နည်းနာများကဲ့သို့သော အခြေခံသဘောတရားများကို လေ့လာ သင်ယူလိုက်ပါ။ သင်နှင့်တူညီသော ရာထူး၊ အခန်းကဏ္ဍများတွင် ထမ်းဆောင်နေကြသော အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ပြီး သင်ယူလေ့လာခြင်းဖြင့် ပိုမိုဆန်းသစ်တိုးတက်သော ခေါင်းဆောင်မှု ရှုထောင့်အမျိုးမျိုးကို ထိုးထွင်သိမြင်မှုများ ရရှိကာ သင့်အဖွဲ့သားများကို သြဇာလွှမ်းမိုးနိုင်ပြီး တက်ကြွအောင် တွန်းအားပေးနိုင်ရန် ဆောင်ရွက်နိုင်ပါလိမ့်မည်။.

ပါဝင်အကြံပြုဆောင်ရွက်သူ တစ်ဦးအဖြစ်မှ ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ် တိုးတက် ပြောင်းလဲခြင်းအား ပိုမ်ိုချောမွေ့ လွယ်ကူစေရန် ဤသင်တန်းက ဆောင်ရွက်ပေးပါလိမ့်မည်။ တာဝန်လွှဲအပ်ခြင်း၊ အချိန်ကို အကျိုးရှိစွာစီမံခန့်ခွဲခြင်း၊ စွမ်းဆောင်ရည် သုံးသပ်အကဲဖြတ်ခြင်း နည်းနာများကဲ့သို့သော အခြေခံသဘောတရားများကို လေ့လာ သင်ယူလိုက်ပါ။ သင်နှင့်တူညီသော ရာထူး၊ အခန်းကဏ္ဍများတွင် ထမ်းဆောင်နေကြသော အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ပြီး သင်ယူလေ့လာခြင်းဖြင့် ပိုမိုဆန်းသစ်တိုးတက်သော ခေါင်းဆောင်မှု ရှုထောင့်အမျိုးမျိုးကို ထိုးထွင်သိမြင်မှုများ ရရှိကာ သင့်အဖွဲ့သားများကို သြဇာလွှမ်းမိုးနိုင်ပြီး တက်ကြွအောင် တွန်းအားပေးနိုင်ရန် ဆောင်ရွက်နိုင်ပါလိမ့်မည်။

What You’ll Learn

လုပ်ငန်းတိုင်းအတွက် စွမ်းဆောင်ရည်ပန်းတိုင်များ ဦးတည်ချမှတ်ခြင်း၊ အဖွဲ့ဝင်တစ်ဦး တစ်ယောက်ချင်းအလိုက် လိုအပ်သောလျာထားချက်များ သတ်မှတ်ခြင်းနှင့် ထိုလျာထားချက် များ ပြည့်မီစေရန် လုပ်ငန်းတာဝန်များ ထိရောက်စွာ ခွဲဝေ သတ်မှတ်ပေးခြင်းတို့ကို ဤသင်ရိုးများတွင် လေ့လာ သင်ယူနိုင်ပါမည်။ ထို့အပြင် သင်ကိုယ်တိုင်နှင့် သင့်အဖွဲ့သားများအတွက် ထိရောက်သော ဦးဆောင်မှု အလားအလာကောင်းများကို ဆောင်ကျဉ်းပေးမည့် ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ခြင်းအတွက် အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ခြင်း နည်းလမ်းများကိုလည်း လေ့လာသင်ယူလိုက်ပါ။ သင့်အတွက် ဦးဆောင်မှု ပုံစံကောင်းများကို စီစစ်ရွွေးထုတ်ပြီး သင့်အဖွဲ့အစည်းအပေါ် ထိုနည်းလမ်းများ၏ ကောင်းမွန်သော အကျိုးသက်ရောက်မှုများကို ရွေးချယ် ရှာဖွေလိုက်ပါ။

Why you want to learn it

အရည်အသွေး ပိုမိုကောင်းမွန်စေရန်၊ စိတ်ဓာတ်ခွန်အား မြှင့်တင်နိုင်ရန်နှင့် ကုန်ထုတ်စွမ်းအားမြင့်မားစေရန် ဦးတည်လိုလားကြသော ကြီးကြပ်သူ၊ စီမံခန့်ခွဲသူတိုင်းက ဤသင်တန်းများကို တက်ရောက်လိုကြပါသည်။ အခြားသူများ လက်သင့်ခံနိုင်ကာ လိုက်နာလုပ်ဆောင်လိုစေမည့် ကောင်းမွန်သော တုံ့ပြန်ချက်များပေးနိုင်မည့် နည်းလမ်းများကို လေ့လာသင်ယူနိုင်ပါမည်။ ထူးချွန်သော ခေါင်းဆောင်ကောင်းများ၏ အရည်အသွေး ၁၂ရပ် တို့ကို သိမြင်နားလည်ခြင်းအားဖြင့် အပြန်အလှန်လေးစား၊ ယုံကြည်မှုတို့ဖြင့် တည်ဆောက်ထားသော ဆက်ဆံရေးများကို အကောင်အထည်ဖော်ဆောင်နိုင်စေပါသည်။ ထို့အပြင် သဘောထားကွဲလွဲမှုများ ကိုလည်း အဖွဲ့အစည်းတစ်ခုလုံးအပေါ် သက်ရောက်မှု မရှိစေဘဲ ကျွမ်ကျင်လိမ္မာစွာ ကိုင်တွယ် ဖြေရှင်းနိုင်ပါလိမ့်မည်။

How it will help you

အသင်း၊ အဖွဲ့အစည်းတစ်ခုကို တိုးတက်ဖြစ်ထွန်းစေနိုင်မည့် ဦးဆောင်သူများ မွေးထုတ်နိုင်စေရန်အလို့ငှာ ဒေးကာနေဂီးသင်တန်းမှ စံပြုပုံထုတ်ထားသော အဓိကမဏ္ဍိုင် နည်းလမ်းငါးသွယ်ကို ယခုဟောပြောပွဲများက ထုတ်ဖော်ပြသကာ လေ့ကျင့်သင်ကြားပေး သွားမည်ဖြစ်သည်။ အောင်မြင်ကျော်ကြားသော ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာစေမည့် လက်တွေ့ကျသော အမှန်တကယ်အသုံးဝင်သည့် နည်းလမ်းများကို ဟောပြောပွဲပြီးဆုံးသည့်အခါ တစ်ပါတည်းရရှိသွားပါလိမ့်မည်။ စီမံခန့်ခွဲခြင်းသက်သက်မဟုတ်ပဲ ထူးကဲစွာဦးဆောင်နိုင်သော စွမ်းရည်များကို သိမြင်နားလည်လာသောအခါတွင် ရလဒ်ကောင်းများ ဖြစ်ထွန်းစေနိုင်သည့် စွမ်းရည်မြင့်မားသော အသင်းအဖွဲ့ တစ်ခုကို သင်ကိုယ်တိုင် တည်ဆောက်ဖွံ့ဖြိုးလာနိုင် စေပါလိမ့်မည်။

Print This Page
Share
Sorry, there are no upcoming dates for the location you selected. Please select another location or expand your search to Region or Country.
Select a Location
Questions? Just Ask
This information you provide will be used in accordance with the terms of our privacy policy.
Submit