Last day to register for High Impact Presentations! Register Now
All Courses / Customer Service / ဝယ်ယူသူ၏ မကျေနပ်ချက်၊ တုံ့ပြန်ချက်များကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲအသုံးချခြင်း
Icon/Live Online/AccentLive Online
Customer Service
Customer Service

ဝယ်ယူသူ၏ မကျေနပ်ချက်၊ တုံ့ပြန်ချက်များကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲအသုံးချခြင်း

ဆက်စပ်ပါဝင်သူများကိုလည်း အကျိုးဖြစ်ထွန်းစေမည့် အပြုသဘောဆောင်သော နည်းလမ်းများကို အသုံးပြု၍ ဝယ်ယူသူများ၏ စိတ်ရှုပ်ထွေးဖွယ်ကောင်းသော တုံ့ပြန်ချက်များကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် နည်းလမ်း၊ ဗျူဟာများကို ဤအွန်လိုင်းအခြေပြုအလုပ်ရုံဆွေးနွေးပွဲများမှ လေ့လာသင်ယူနိုင်ပါမည်။ ဝယ်ယူသူများ၏ ရေရှည်အားပေးသည့် သစ္စာရှိမှုများကို ရရှိနိုင်ရန် ဝယ်ယူသူ၏ ရှုထောင့်မှ ပူပန်မှုများကို အလုံးစုံသိရှိတင်ပြနိုင်စေမည့် အစီအစဉ်များ၊ လုပ်ဆောင်ခြင်းများကို အသုံးပြုပြီး ၎င်းတို့ကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲအသုံးချလိုက်ပါ။.

ဆက်စပ်ပါဝင်သူများကိုလည်း အကျိုးဖြစ်ထွန်းစေမည့် အပြုသဘောဆောင်သော နည်းလမ်းများကို အသုံးပြု၍ ဝယ်ယူသူများ၏ စိတ်ရှုပ်ထွေးဖွယ်ကောင်းသော တုံ့ပြန်ချက်များကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် နည်းလမ်း၊ ဗျူဟာများကို ဤအွန်လိုင်းအခြေပြုအလုပ်ရုံဆွေးနွေးပွဲများမှ လေ့လာသင်ယူနိုင်ပါမည်။ ဝယ်ယူသူများ၏ ရေရှည်အားပေးသည့် သစ္စာရှိမှုများကို ရရှိနိုင်ရန် ဝယ်ယူသူ၏ ရှုထောင့်မှ ပူပန်မှုများကို အလုံးစုံသိရှိတင်ပြနိုင်စေမည့် အစီအစဉ်များ၊ လုပ်ဆောင်ခြင်းများကို အသုံးပြုပြီး ၎င်းတို့ကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲအသုံးချလိုက်ပါ။

What You’ll Learn

သင့်တင့်လျောက်ပတ်သော နည်းလမ်း၊ အစီအစဉ်များဖြင့် ဝယ်ယူသူများ စိတ်ချမ်းမြေ့မှုကို အလေးထားဆောင်ရွက်ခြင်းတို့ဖြင့် ဝယ်ယူသူများ၏ တုံ့ပြန်ချက်များကို အလွယ်တကူ သိရှိနားလည်ကာ ကျွမ်းကျင်ပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းပြီး စိတ်ဖိစီးမှုများကို လျှော့ချနိုင်စေရန် လေ့လာသင်ယူပါ။ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အခြေခံသဘောတရားများကို နားလည်သဘောပေါက်နိုင်ရန် ကြိုးပမ်းပြီး ဝယ်ယူသူများနှင့် ကောင်းမွန်သော ဆက်ဆံရေးများ တည်တ့ံခိုင်မြဲစေနိုင်ရန် ပြသနာများအပေါ် ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းခြင်း နည်းလမ်းများ ကိုလည်း အသုံးပြုပါ။ ဝယ်သူများ၏ သစ္စာရှိမှုကို ရေရှည်ထိန်းသိမ်းနိုင်ရန် ၎င်းတို့၏ တုံ့ပြန်ချက်များကို တီထွင်ဆန်းသစ်ပြီး တိုးတက်ဖွံ့ဖြိုးစေမည့် အခွင့်အလမ်းများအဖြစ်သို့ ပြောင်းလဲအသုံးချပါ။

Why you want to learn it

အစဉ်အမြဲ ထူးခြားကောင်းမွန်နေသော ဝန်ဆောင်မှုများ ပေးအပ်ခြင်းသည် ဝယ်ယူသူများနှင့် ဆက်ဆံရေးကောင်းများ ရေရှည်ထိ်န်းသိမ်းနိုင်ရန်အတွက် အထူးပင် အရေးပါလှသည်။ ဖိအားနှင့် ထိုးနှက်ချက်များ၊ အခက်အခဲအတားအဆီးများ ပြည့်နှက်နေသော အခြေအနေများကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကိုသာမက မကျေနပ်ဖွယ် တုံ့ပြန်ချက်တစ်ခုကို ကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများကို မည်ကဲ့သို့ရှာဖွေဖော်ထုတ်ရမည် ဆိုသော နည်းလမ်းများကိုလည်း ဤသင်တန်းက ပြသသင်ကြားပေးပါမည်။ မမျှော်လင့်ထားပဲ ရရှိလာသော အခွင့်အရေးများကိုပင်လျှင် အမိအရအသုံးချကာ အခွင့်အလမ်းများ တိုးတက် ဖြစ်ထွန်းစေခြင်း နည်းလမ်းများကိုလည်းကောင်း လေ့လာသင်ယူလိုက်ပါ။

How it will help you

ဝယ်ယူသူများ၏ အခက်အခဲများကို အစဉ်အမြဲ ဖြေရှင်းပေးခြင်းအားဖြင့် သင့်အဖွဲ့အစည်း၏ ကောင်းမွန်သော ဝန်ဆောင်မှု ဂုဏ်သတင်းများ ကျော်ကြားစေရန်အလို့ငှါ သဘောထားကွဲလွဲ အငြင်းပွားမှုများကို ဆုံးဖြတ်ဖြေရှင်းနိုင်သော သင့်စွမ်းရည်များဖြင့် မြှင့်တင်ပြီး တိုးတက်စေခြင်းဖြင့် အားပေးထောက်ပံ့ပါ။ ကျဉ်းထဲကျပ်ထဲကျသော အခြေအနေများတွင် စိတ်ခံစားချက် များကို ထိန်းချုပ်စီမံနိုင်စေပြီး မည်သည့်အခြေအနေမျိုး ကြုံတွေ့ရသည်ဖြစ်စေ စိတ်ဖိစီးမှု လျော့နည်းသော လုပ်ငန်းခွင်ကို ထိန်းသိမ်းထားနိုင်ပါလိမ့်မည်။ သင့်ဝယ်ယူသူများဘက်က အသိအမှတ်ပြုခြင်းနှင့် သစ္စာရှိမှုကို ပိုမိုရရှိလာသောအခါ ဖောက်သည်များကို ရေရှည်ထိန်းသိမ်းထားနိုင်လာခြင်းကို သင်ကိုယ်တိုင် တွေ့မြင်ရပါလိမ့်မည်။

Print This Page
Share
Sorry, there are no upcoming dates for the location you selected. Please select another location or expand your search to Region or Country.
Select a Location
Questions? Just Ask
This information you provide will be used in accordance with the terms of our privacy policy.
Submit