Last day to register for High Impact Presentations! Register Now
All Courses / Leadership / ပန်းတိုင် တည်ဆောက်ခြင်း နှင့် တာဝန်ခံမှုရှိခြင်း
Icon/Live Online/AccentLive Online
Leadership
Leadership

ပန်းတိုင် တည်ဆောက်ခြင်း နှင့် တာဝန်ခံမှုရှိခြင်း

အကောင်းဆုံး လုပ်ဆောင်ချက််များ ပေါ်ပေါက်အောင် ဖန်းတီးရာတွင် သင်၏အဖွဲ့တွင် အရေးကြီးသည့် တစ်ဦးတစ်ယောက်ခြင်း၊ အဖွဲ့နှင့် ဖွံ့ဖြိုးမှု ရည်မှန်းချက်များ အရေးပါပုံကို သိရှိအောင် သွတ်သွင်းပေးရမည်။ ယခု ၂နာရီကြာ ဟောပြောပွဲတွင် ပါဝင်သူများသည် ဒေးလ် ကာနက်ဂျီကဲ့သို့ အတွေ့ကြုံရှိသော နည်းပြမှ လုပ်သားများနှင့် မည်ကဲ့သို့ ထိတွေ့ဆက်ဆံခြင်း တည်ဆောက်ရာမှ အပြုသဘောဆောင်သော ရလာဒ်ကောင်းများ ရရှိလာပုံကို သင်ကြားပေးသွားမည်။ သင်၏ ရည်မှန်းချက် ပန်းတိုင်သို့ တစ််ဦးခြင်းဖြစ်စေနှင့် အဖွဲ့လိုက်ဖြစ်စေ တာဝန်ယူ လက်ခံဆောင်ရွက်ပေးမည့် နည်းလမ်းကောင်းများကို လေ့လာသင်ယူမိမည် ဖြစ်သည်။.

အကောင်းဆုံး လုပ်ဆောင်ချက််များ ပေါ်ပေါက်အောင် ဖန်းတီးရာတွင် သင်၏အဖွဲ့တွင် အရေးကြီးသည့် တစ်ဦးတစ်ယောက်ခြင်း၊ အဖွဲ့နှင့် ဖွံ့ဖြိုးမှု ရည်မှန်းချက်များ အရေးပါပုံကို သိရှိအောင် သွတ်သွင်းပေးရမည်။ ယခု ၂နာရီကြာ ဟောပြောပွဲတွင် ပါဝင်သူများသည် ဒေးလ် ကာနက်ဂျီကဲ့သို့ အတွေ့ကြုံရှိသော နည်းပြမှ လုပ်သားများနှင့် မည်ကဲ့သို့ ထိတွေ့ဆက်ဆံခြင်း တည်ဆောက်ရာမှ အပြုသဘောဆောင်သော ရလာဒ်ကောင်းများ ရရှိလာပုံကို သင်ကြားပေးသွားမည်။ သင်၏ ရည်မှန်းချက် ပန်းတိုင်သို့ တစ််ဦးခြင်းဖြစ်စေနှင့် အဖွဲ့လိုက်ဖြစ်စေ တာဝန်ယူ လက်ခံဆောင်ရွက်ပေးမည့် နည်းလမ်းကောင်းများကို လေ့လာသင်ယူမိမည် ဖြစ်သည်။

What You’ll Learn

ယခု လူမှုဆက်ဆံရေး အတွေ့ကြံုလေ့လာရာတွင် သင်သည် ရည်မှန်း ပန်းတိုင် တည်ဆောက်ခြင်း၏ တန်ဖိုးရှိပုံနှင့် အဆိုပါ ပန်းတိုင်များသို့ ရောက်ရှိအောင်မည်သို့ ကြိုးစားရမည်ကို ဆွေးနွေးရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် သင်သည် နည်းဗျူဟာနှင့် တစ်ကိုယ်ရေ ရည်ရွယ်ချက်များ အောင်မြင်ရေးအလို့ဌာ မိမိအဖွဲ့၏ ရည်မှန်း ပန်းတိုင် တိုးတက်ရေးအတွက် အရေးကြီးသည့် ဆက်သွယ်ရေး နည်းလမ်းများ တတ်မြောက်မည်။ တာဝန်ရပ်ပိုင်းဆိုင်ရာ နည်းလမ်းကောင်းများ သိရှိခြင်းဖြင့် မိမိအဖွဲ့ဝင်များအား ထူးချွန်သော ဝန်ထမ်းကောင်းများ ဖြစ်စေမည်။

Why you want to learn it

တစ်စုံတစ်ယောက်၏ လုပ်ဆောင်ချက်များ တိုးတက်စေရန် မိမိမှာ ရှေးဦးစွာ ပန်းတိုင်တစ်ခုချပေးရမည်။ သေချာသော ပန်းတိုင်ရှိမှသာ အဆိုပါအလုပ်ကို အချိန်မှီ ပြီးမြောက်ရန် ခေါင်းဆောင်တစ်ယောက်သည် တစ်ဦးတစ်ယောက်ချင်းစီနှင့် အဖွဲ့လိုက်ဆောင်ရွက်ချက်များကို ထိထိရောက်ရောက် ချင့်တွက် လမ်းညွှန် ပြသပေးနိုင်မည် ဖြစ်သည်။ ပန်းတိုင်သို့သွားစဉ် အဖွဲ့ဝင်များအပေါ် တာဝန်ခံပေးခြင်းနှင့် အားပေးအားမြောက်ပြုခြင်းဖြင့် ခေါင်းဆောင်ကောင်းတစ်ယောက်သည် အဖွဲ့ဝင်များဖြင့် အတူတကွ လုပ်ဆောင်စဉ် ရည်မှန်းချက် တိုးတက်ရေးအတွက် အခွင့်လမ်းကောင်းများ ဖွင့်ချပေးနိုင်မည်။

How it will help you

အောင်မြင်သော ခေါင်းဆောင်တစ်ယောက်သည် ရည်ရွယ်ချက်များချမှတ်ရာတွင် တက်တက်ကြွကြွ ပါဝင်ပြီး လက်အောက်ငယ်သားများအပေါ် တာဝန်ယူရုံသာမက မိမိ၏ ကိုယ်ပိုင်လုပ်ငန်းကဲ့သို့ သဘောထားစေရန် ၄င်းတို့၏ အလုပ်အပေါ် ထင်မြင်ချက်များကို ပေးစေ၍ ၄င်းတို့၏ လုပ်ငန်းတာဝန်များ စီမံထောက်ပံ့ပေးလေ့ရှိသည်။ တိုးတက်ရေးအတွက် လုပ်ဆောင်ပုံ လုပ်ဆောင်နည်းလမ်းဖန်တီးပေးခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး ခိုင်မာသော အလုပ်စိတ်ဓါတ်နှင့် မျှော်မှန်းသော ရည်မှန်းချက် ပန်းတိုင် သို့ရောက်ရှိစေမည်။

Print This Page
Share
Sorry, there are no upcoming dates for the location you selected. Please select another location or expand your search to Region or Country.
Select a Location
Questions? Just Ask
This information you provide will be used in accordance with the terms of our privacy policy.
Submit