Last day to register for High Impact Presentations! Register Now
All Courses / Leadership / သင်နှင့် သင့်စီမံခန့်ခွဲသူများအတွက် အောင်မြင်မှုပန်းတိုင်များ စီမံရေးဆွဲခြင်း
Icon/Live Online/AccentLive Online
Leadership
Leadership

သင်နှင့် သင့်စီမံခန့်ခွဲသူများအတွက် အောင်မြင်မှုပန်းတိုင်များ စီမံရေးဆွဲခြင်း

ယနေ့ခေတ် အဖွဲ့အစည်းများသည် ဝန်ထမ်းလွှဲပြောင်းခြင်းဆိုင်ရာ ပြဿနာများကို ပြင်းထန်စွာရင်ဆိုင်နေရသည်။ အကြောင်းမူကား ကနဦး တည်ထောင်ဖွံ့ဖြိုးဖြစ်ထွန်းခဲ့သော ကာလများကတည်းက ဦးစီဦးဆောင်ပြုခဲ့ကြသော ခေါင်းဆောင်များသည် ယခုအခါ အသက်အရွယ်ကြီးရင့်၍ အငြိမ်းစားယူကြပြီးနောက် ၎င်းတို့၏ ကုမ္ပဏီများတွင် ကြီးမားသော ရာထူးများကို လွှဲပြောင်းတာဝန်ယူနိုင်မည့်သူ ရှားပါးပြီးလစ်လပ်သော အခက်အခဲများ ဖြစ်လာစေလျက်ရှိသည်။ အနာဂတ်တွင် ဝယ်ယူအားပေးသူပရိသတ်များ ပိုမိုရရှိဆွဲဆောင်နိုင်ပြီး တိုးတက်မှုအခြေပြဇယား၏ ထိပ်ဆုံးနေရာများတွင် နေရာယူနိုင်စေမည့် သင်၏ အောင်မြင်ရေး စီမံကိန်းမဟာဗျူဟာများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်စေရန် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်နိုင်သော ဤ အွန်လိုင်း အလုပ်ရုံဆွေးနွေးပွဲများက အထောက်အကူ ပြုပါလိမ့်မည်။.

ယနေ့ခေတ် အဖွဲ့အစည်းများသည် ဝန်ထမ်းလွှဲပြောင်းခြင်းဆိုင်ရာ ပြဿနာများကို ပြင်းထန်စွာရင်ဆိုင်နေရသည်။ အကြောင်းမူကား ကနဦး တည်ထောင်ဖွံ့ဖြိုးဖြစ်ထွန်းခဲ့သော ကာလများကတည်းက ဦးစီဦးဆောင်ပြုခဲ့ကြသော ခေါင်းဆောင်များသည် ယခုအခါ အသက်အရွယ်ကြီးရင့်၍ အငြိမ်းစားယူကြပြီးနောက် ၎င်းတို့၏ ကုမ္ပဏီများတွင် ကြီးမားသော ရာထူးများကို လွှဲပြောင်းတာဝန်ယူနိုင်မည့်သူ ရှားပါးပြီးလစ်လပ်သော အခက်အခဲများ ဖြစ်လာစေလျက်ရှိသည်။ အနာဂတ်တွင် ဝယ်ယူအားပေးသူပရိသတ်များ ပိုမိုရရှိဆွဲဆောင်နိုင်ပြီး တိုးတက်မှုအခြေပြဇယား၏ ထိပ်ဆုံးနေရာများတွင် နေရာယူနိုင်စေမည့် သင်၏ အောင်မြင်ရေး စီမံကိန်းမဟာဗျူဟာများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်စေရန် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်နိုင်သော ဤ အွန်လိုင်း အလုပ်ရုံဆွေးနွေးပွဲများက အထောက်အကူ ပြုပါလိမ့်မည်။

What You’ll Learn

သင့်အဖွဲ့အစည်း၏ အောင်မြင်မှုစီမံကိန်းများရေးဆွဲခြင်းအတွက် ဒေးကာနေးဂီအဖွဲ့၏ အတိုင်ပင်ခံ အကြံပေးတစ်ဦး အကူအညီကိုရယူခြင်းဖြင့် ကြိမ်ဖန်များစွာ စမ်းသပ်ပြီးဖြစ်၍ ယုံကြည်စိတ်ချ နိုင်သော ထိရောက်သည့် နည်းလမ်းများကို အသုံးချပြီး အကောင်အထည်ဖော်ဆောင်ပါ။ သင်၏ လုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့စေရန် ထောက်ပံ့ပေးထားသော ကိရိယာများ၊ နမူနာအညွှန်း များနှင့် လက်တွေ့ပြုလုပ်ချက်များကို အသုံးပြုဆောင်ရွက်ပါ။ သင်၏စီမံခန့်ခွဲသူများကို ၎င်းတို့၏ကိုယ်ပိုင် အစီအစဉ်၊အတွေးအခေါ်များ တိုးတက်မြင့်မားစေရန် စည်းရုံးသိမ်းသွင်းပြီး ညီညွတ်စွာ ချိတ်ဆက် ဆောင်ရွက်စေလိုက်ပါ။

Why you want to learn it

အငြိမ်းစားယူခြင်းနှင့် ဝန်ထမ်းနှုတ်ထွက််ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော များပြားသည့် လစ်လပ်နေရာများသည် ထိုကုမ္ပဏီ၏ ရေရှည်တွင် ဆက်လက်ရပ်တည်အောင်မြင်နိုင်ရန် ကြိုးပမ်း အားထုတ်မှုများကို များစွာထိခိုက်စေနိုင်ပါသည်။ ထိုလစ်လပ်နေရာများကို ဖြည့်ဆည်းနိုင်ရန် သင့်တော်သူများ အဆောတလျင် ရှာဖွေခေါ်ယူရခြင်းနှင့် ဆက်နွယ်နေသော စွန့်စားမှုများသည် ပိုမိုများပြားသော လူတွေ့စစ်ဆေးမှုများကိုသာ ပေါ်ပေါက်စေမည်ဖြစ်သည်။ ဤလစ်လပ်မှုများကို မည်သို့မည်ပုံ ဖြည့်ဆည်းရမည်ကိုသာမက အဖွဲ့အစည်း၏ အခြေခံအင်အားစုများကို ခိုင်မာအောင် တည်ထောင်ရမည့်နည်းလမ်းများကိုပါ ဤအွန်လိုင်းအခြေပြု ဆွေးနွေးပွဲများက သင့်အား သိမြင် စေပါလိမ့်မည်။

How it will help you

စီမံခန့်ခွဲမှုနှင့် ပတ်သက်သော ကိုယ်ပိုင်အရည်အချင်း၊ စွမ်းရည်များ တိုးတက်လာစေရန် ကြိုတင်ပြင်ဆင်ကာ လေ့လာသင်ယူပြီး သင့်အဖွဲ့အစည်း၏ မဝေးလှသော အနာဂတ်အောင်မြင် တိုးတက်မှုများကို မလွဲမသွေ အကောင်အထည်ဖော်ဆောင်ရွက်ပါ။ သင့်လုပ်ငန်းဆောင်တာများကို အဆင်ပြေချောမွေ့စေမည့် ပြည့်စုံစွာလျာထားချမှတ်ထားသော စီမံကိန်း၊နည်းလမ်းများကို သင်တန်း ပြီးဆုံးသောအခါ တစ်ပါတည်း ရရှိသယ်ဆောင်သွားပါ။ အနာဂတ်အတွက် အသေးစိတ် စီစဉ်ထားသော စီမံချက်များကို အခြေတည်ကာ ကိုယ်ပိုင် အရည်အချင်းပြည့်ဝသော၊ ပြဿနာများ မဖြစ်ပွားစေရန် ကြိုတင်ရှောင်ရှားနိုင်သော ဦးဆောင်သူ တစ်ဦီးအဖြစ် တိုးတက်မြင့်မားနိုင်ကြောင်း သင့်ကိုယ်သင် သက်သေပြလိုက်ပါ။

Print This Page
Share
Sorry, there are no upcoming dates for the location you selected. Please select another location or expand your search to Region or Country.
Select a Location
Questions? Just Ask
This information you provide will be used in accordance with the terms of our privacy policy.
Submit