Last day to register for High Impact Presentations! Register Now
All Courses / Leadership / အချိန်ကို အကျိုးရှိစွာ စီမံခန့်ခွဲခြင်း
Icon/Live Online/AccentLive Online
Leadership
Leadership

အချိန်ကို အကျိုးရှိစွာ စီမံခန့်ခွဲခြင်း

သင်သည် တာဝန်ဝတ္တရားများနှင့် မျှော်မှန်းချက်များ၊ သတင်းအချက်အလက်များ အမြဲမပြတ် စီးဆင်းရှင်သန်နေသော ခေတ်ရေစီးကြောင်းထဲတွင် လမ်းပျောက်နေသည်ဟု ခံစားရဖူးပါသလား။ ပြောင်းလဲခြင်းကို ဖော်ဆောင်သော၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်သော ဤနှီးနှောဖလှယ်ပွဲ များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချပြီးနောက် သင်၏ လုပ်ငန်းဆောင်တာများကိုမဟုတ်ပဲ ရလဒ်ကောင်းများ ရရှိခြင်းကို ပိုမိုအလေးထား ဂရုပြုနိုင်စေရန် ကူညီဆောင်ရွက်ပေးပါမည်။ သင့်အချိန်ကို အကျိုးမဲ့ကုန်ဆုံးစေသော အရာများကို ဖယ်ရှားအဆုံးသတ်ပြီး နေ့တိုင်းအတွက် သင်၏အကျိုးရှိသောအချိန်ကို ပိုမိုရရှိစေမည့် ရေရှည်အကျိုးဖြစ်ထွန်းစေသော၊ ကျန်းမာရေးကို အထောက်အကူပြုသော အလေ့အကျင့်ကောင်းများကို မွေးမြူပါ။.

သင်သည် တာဝန်ဝတ္တရားများနှင့် မျှော်မှန်းချက်များ၊ သတင်းအချက်အလက်များ အမြဲမပြတ် စီးဆင်းရှင်သန်နေသော ခေတ်ရေစီးကြောင်းထဲတွင် လမ်းပျောက်နေသည်ဟု ခံစားရဖူးပါသလား။ ပြောင်းလဲခြင်းကို ဖော်ဆောင်သော၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်သော ဤနှီးနှောဖလှယ်ပွဲ များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချပြီးနောက် သင်၏ လုပ်ငန်းဆောင်တာများကိုမဟုတ်ပဲ ရလဒ်ကောင်းများ ရရှိခြင်းကို ပိုမိုအလေးထား ဂရုပြုနိုင်စေရန် ကူညီဆောင်ရွက်ပေးပါမည်။ သင့်အချိန်ကို အကျိုးမဲ့ကုန်ဆုံးစေသော အရာများကို ဖယ်ရှားအဆုံးသတ်ပြီး နေ့တိုင်းအတွက် သင်၏အကျိုးရှိသောအချိန်ကို ပိုမိုရရှိစေမည့် ရေရှည်အကျိုးဖြစ်ထွန်းစေသော၊ ကျန်းမာရေးကို အထောက်အကူပြုသော အလေ့အကျင့်ကောင်းများကို မွေးမြူပါ။

What You’ll Learn

သင့်ကို နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်သော အရာများကို ဖယ်ရှားစွန့်ပစ်ပြီး အာရုံပျက်ပြား စိတ်ရှုပ်ထွေးစရာများက သင့်ကို မနှောင့်ယှက်နိုင်စေရန် တားဆီးခြင်းများကို လေ့လာသင်ယူပါ။ ဦးစားပေးအစီအစဉ်များ လျာထားချိန်ညှိခြင်း၊ အလုပ်ခွင်ကို စနစ်တကျစီမံခြင်းများကဲ့သို့သော ကျွမ်းကျင်မှုများကို မြှင့်တင်တိုးတက်စေနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ပါ။ သင့်လုပ်ငန်းဆောင်တာများကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ခြင်းဖြင့် ဘဝကိုပျော်ရွှင်စွာ နေထိုင်နိုင်မည့် အချိန်များ ပိုမို်ရရှိနိုင်ပြီး တက်ကြွသော ဖြစ်ထွန်းအရာရောက်သောသူတစ်ယောက် ဖြစ်လာစေပါသည်။

Why you want to learn it

တစ်နေ့တာတိုင်း၏ ပြုဖွယ်လုပ်ငန်းဆောင်တာများ အဆုံးမရှိ များပြားဝန်လေးမှုနှင့်အတူ ၎င်းတို့ကို ပြီးမြောက်အောင်လုပ်ဆောင်ရန် ကျွန်ုပ်တို့၏အချိန်များ အလွန်တရာနည်းပါးမှုကို ကျွန်ုပ်တို့ ညည်းညူမိတတ်ကြပါသည်။ အချည်းနှီးဖြစ်ကာ နောက်ကျကျန်နေခဲ့မည်ကို စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဖိစီးမှုများကို အဆုံးသတ်လိုပါလျှင် သင့်အတွက် ဤသင်တန်းသည် အသင့်တော်ဆုံးပင် ဖြစ်သည်။ သင့်အချိန်ကို အကျိုးမဲ့ ကုန်ဆုံးစေသော အရာများကို စွန့်ပစ်ပြီးနောက် တိကျသေချာသောဆုံးဖြတ်ချက်များ လျင်မြန်စွာချမှတ်နိုင်ခြင်း၊ တိုးတက်လာသော ကုန်ထုတ်စွမ်းအားများ၊ ခိုင်မာသော ရလဒ်ကောင်းများနှင့်အတူ သင့် အောင်မြင်မှုလမ်းကြောင်းကို အကောင်အထည်ဖော်ဆောင်နိုင်ပါလိမ့်မည်။

How it will help you

ဤသင်တန်း၏အစမှအဆုံးတိုင် ဒေးကာနေးဂီသင်တန်း၏ ကျွမ်းကျင်လက်မှတ်ရ လေ့ကျင့် သင်ကြားပေးသူများက သင်ကိုယ်တိုင်ကိုယ်ကျ အမြဲမပြတ် ညီညွတ်စွာ ပူးပေါင်းပြီး ချိတ်ဆက် ဆောင်ရွက်စေပြီး သင့်အချိန်များကို အကျိုးရှိစွာ စီမံခန့်ခွဲနိုင်မှု စွမ်းရည်များ ပိုမိုတိုးတက် ပြောင်းလဲစေနိုင်ရန် ၎င်းတို့က အကူအညီပေးပါလိမ့်မည်။ သင့်အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်ပြီး ရလဒ်ကောင်းများရရှိလာနိုင်ရန် စတင်လုပ်ဆောင်ပြီး ဖိအားများ လျော့နည်း လာခြင်း၊ ပိုမိုဖြစ်ထွန်းအရာရောက်လာခြင်းနှင့် မိမိကိုယ်ကိုယုံကြည်မှု ပိုမိုရရှိလာခြင်းတို့ကို တွေ့မြင် ခံစားနိုင်ပါမည်။ သင့်အချိန်ကို စနစ်တကျစီမံနိုင်ခြင်းဖြင့် တစ်နေ့တာအတွက် အချိန် နာရီများ ပိုရရှိလာခြင်းကို သင့်ကိုယ်သင် တအံ့တသြ ဖြစ်မိပါလိမ့်မည်။

Print This Page
Share
Sorry, there are no upcoming dates for the location you selected. Please select another location or expand your search to Region or Country.
Select a Location
Questions? Just Ask
This information you provide will be used in accordance with the terms of our privacy policy.
Submit