Last day to register for High Impact Presentations! Register Now
All Courses / People Skills / လူမှုဆက်ဆံရေး ပရိယာယ် နှင့်ပရိယာယ် ကြွယ်ဝမှုတို့ဖြင့် ဘယ်လို ဆက်ဆံနိုင်မလဲ
Icon/Live Online/AccentLive Online
People Skills
People Skills

လူမှုဆက်ဆံရေး ပရိယာယ် နှင့်ပရိယာယ် ကြွယ်ဝမှုတို့ဖြင့် ဘယ်လို ဆက်ဆံနိုင်မလဲ

ယခု ၃နာရီစီကြာမြင့်သော အပိုင်း၄ပိုင်းသည် သင့်အား လူမှုဆက်ဆံရေး ပရိယာယ် နှင့်ပရိယာယ် ကြွယ်ဝမှုတို့ဖြင့် အဖွဲ့၏ ရလာဒ်ကောင်းများရရှိရေးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းများကို ရှင်းပြသွားမည်ဖြစ်သည်။ သင်သိရှိလာမည့်အချက်က မိမိကိုယ်ကို အကြိုးရှိရှိ ရပ်တည်လုပ်ဆောင်နိုင်ခြင်းသည် သူတစ်ပါးအား အနှောက်မဖြစ်သည့်အပြင် ထိရောက်သောဆက်ဆံရေးမှတဆင့် သင်၏ လူမှုဆက်ဆံရေးအား တိုးတက်လာစေ၍ အပြုသဘောဆောင်သော ရလာဒ်ကောင်းများရရှိလာစေမည်။ လူမှုဆက်ဆံရေး ပရိယာယ်ဖြင့် ဆက်သွယ်ခြင်းသည် သင်၏ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုပုံ သဏ္ဍန်ကို တိုးတက်စေရုံသာမက ယင်း ပရိယာယ်ဖြင့် သင့်လို လူတော်များ ဖြစ်မြောက်စေနိုင်သည်။.

ယခု ၃နာရီစီကြာမြင့်သော အပိုင်း၄ပိုင်းသည် သင့်အား လူမှုဆက်ဆံရေး ပရိယာယ် နှင့်ပရိယာယ် ကြွယ်ဝမှုတို့ဖြင့် အဖွဲ့၏ ရလာဒ်ကောင်းများရရှိရေးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းများကို ရှင်းပြသွားမည်ဖြစ်သည်။ သင်သိရှိလာမည့်အချက်က မိမိကိုယ်ကို အကြိုးရှိရှိ ရပ်တည်လုပ်ဆောင်နိုင်ခြင်းသည် သူတစ်ပါးအား အနှောက်မဖြစ်သည့်အပြင် ထိရောက်သောဆက်ဆံရေးမှတဆင့် သင်၏ လူမှုဆက်ဆံရေးအား တိုးတက်လာစေ၍ အပြုသဘောဆောင်သော ရလာဒ်ကောင်းများရရှိလာစေမည်။ လူမှုဆက်ဆံရေး ပရိယာယ်ဖြင့် ဆက်သွယ်ခြင်းသည် သင်၏ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုပုံ သဏ္ဍန်ကို တိုးတက်စေရုံသာမက ယင်း ပရိယာယ်ဖြင့် သင့်လို လူတော်များ ဖြစ်မြောက်စေနိုင်သည်။

What You’ll Learn

၁၂နာရီကြာ ပြီးပြည့်စုံသော အပိုင်းဆက်ဖြစ်သည့် ရုပ်ပြအပြန်အလှန် သင်ကြားရေးမှ သင်၏ စကားပြောစွမ်းရည် ပြေပြစ်စွာ တိုးတက်ပြောဆိုလာနိုင်ရေးနှင့် ရရှိလာသော ရလာဒ်များမှ မဟုတ်ဘဲ မိမိပေးပို့ချင်သော စကားအား သေချာစွာ ချင့်ချိ်န်ဆုံးဖြတ်နိုင်ရေးတို့ကို သိရှိမည်။ မိမိအား ဒေါသဖြစ်စေနိုင်သော အရာများအား ထိန်းသိမ်းပြီး တန်ပြန်တုန့်ပြန်ခြင်းအစား အလိုက်သင့်သာတုန့်ပြန်ရမည်။ မိမိအား အဝေဖန်ခံရသောအခါ တည်ငြိမ်စွာအေးဆေးစွာနေ၍ ဖိအားများအကြား စိ်တ်တည်ငြိမ်စွာဟန်မပျက်နေခြင်းဖြင့် ရန်ဖြစ်စေသည့် အရာများကို ရှောင်ရှားရမည်။

Why you want to learn it

အသစ် (သို့မဟုတ်) ကြုံတွေ့နေရသော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရာမှ သင်သည် ရည်မွန် ကျွမ်းကျင်လာမည်။ သင်သည် လူအများနှင့် တွေ့ကြံုလာရာမှ စကားပြောဆိုရာတွင် ကြောက်လန့်ခြင်းမရှိတော့ဘဲ ရိုးရိုးသားသား ယုံကြည်မှုရှိရှိဖြင့် ပြောဆိုလာနိုင်ခြင်း၊ မိမိ၏ ခံစားချက်များကို ထိန်းကွပ်လာနိုင်ခြင်း၊ ဝေဖန်မှုများအပေါ် လက်ခံလာနိုင်၍ အပြုသဘောဖြင့် ပြန်လည်ပြောဆိုလာနိုင်ခြင်းအပြင် မိမိကိုယ်ကို စိတ်ပိုင်းဆိုင်ရာ သန်စွမ်းသူအဖြစ် ရပ်တည်လာနိုင်ခြင်းတို့ကို မြင်တွေ့လာရမည်။ အဓိကအားဖြင့် သင်သည် သူတစ်ပါးအား ထိခိုက်စေမည့် (သို့) ပြဿနာဖြစ်စေမည့် ပုံစံမျိုးမဟုတ်သော အပြုအမူမျိုးဖြင့် မည်ကဲ့သို့ပြောဆိုဆက်ဆံရမည်ကို လေ့လာသိရှိမည်ဖြစ်သည်။

How it will help you

ယခု အပိုင်းဆက်များက သင့်တွင်ရှိသောပြောဆိုဆက်ဆံခြင်း၏ ကောင်းခြင်း၊ ဆိုးခြင်းတို့အပေါ် အသိမြင်သစ်များရရှိစေမည်။ သင်သည် အပြုသဘောဆောင်သော ပြောဆိုပုံဖြင့် ငြင်းဆန်နိုင်ပုံကို သင်ကြားမိမည်။ ခက်ခဲသော အခြေအနေများကို ယုံယုံကြည်ကြည်နှင့် ဆက်ဆံရေး ပရိယာယ်ကြွယ်ဝစွာဖြင့် ရင်ဆိုင်ခြင်းမှ သင်၏ ပုံပန်းကို စိတ်ဓါတ် သန်စွမ်း ညီမျှစွာ ဆုံးဖြတ်တတ်သော ခေါင်းဆောင်တစ်ယောက်အဖြစ် တည်ဆောက်လာမိမည်။

Print This Page
Share
Sorry, there are no upcoming dates for the location you selected. Please select another location or expand your search to Region or Country.
Select a Location
Questions? Just Ask
This information you provide will be used in accordance with the terms of our privacy policy.
Submit