Last day to register for High Impact Presentations! Register Now
All Resources / eBook / ဒေးလ် ကာနယ်ဂျီ၏ အောင်မြင်မှုလှို ့ဝှက်ချက်များ

ဒေးလ် ကာနယ်ဂျီ၏ အောင်မြင်မှုလှို ့ဝှက်ချက်များ

Benefit of this eBook

မစ္စတာ ကာနေးဂီ ၏ 'မိတ္တဗလဋီကာ' နှင့် 'သောကကင်းဝေးနေထိုင်ရေး' ကဲ့သို ့သော စာအုပ်များ အုပ်ရေ သန်း ၅၀ ကျော်မှ ထာဝရတည်မြဲသော တန်ဖိုးများနှင့် အလေ့အကျင့်များ သည် လူပေါင်း ၈သန်းကျော်ကို လှုံ ့ဆော်ခဲ့ပါသည်။ ရွှေကဲ့သို ့အဖိုးတန်သော အကြံဉာဏ်ပေါင်းများစွာ သည် သင့်ကို မမျှော်မှန်းနိုင်သော အောင်မြင်မှုလမ်းကြောင်းပေါ်သို ့တင်ပေးပါလိမ့်မည်။ ခေါင်းဆောင်တစ်ဦး အနေဖြင့် ထူးချွန်လာစေရန်နှင့် သင့်ကိုယ်ရည်ကိုယ်သွေး တိုးတက်လာစေရန် ၄င်းအကြံဉာဏ်များကို အသုံးချပါ။

What You'll Learn With It

မိတ္တဗလဋီကာမှ နိယာမများသည် သင့်မျှော်မှန်းချက်ကို ထောက်ခံပေးရန် တစ်ပါးသူများကို မည်သို ့ လွှမ်းမိုးရမည်ကို ပြသသည်။ ဆက်ဆံရေး တိုးတက် ကောင်းမွန်စေသောနည်းစနစ် ၉ခု နှင့် လေးစားအပ်သော ခေါင်းဆောင်တစ်ယောက် ဖြစ်လာရန် အခြေခံ နည်းစနစ်များကို ဖော်ထုတ်ပါ။ ဝေဖန်မှုနှင့် စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းရန် အကြံပြုချက်များသည် အကြံဉာဏ်သစ်များ၊ ပိုမိုခိုင်မာသော လုပ်ဖော်ကိုင်ဖက်များနှင့် လွတ်လပ်စွာ ရှေ့သို့ ့ဆက်သွားရန် သင့်ကို ကူညီပေးပါသည်။

Why You Need It

လွန်ခဲ့သော ရာစုနှစ်တစ်ခုကျော် လောက်ကတည်းက ဒေးကာနေးဂီသည် တစ်ကိုယ်ရည်နှင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ငန်းများကို ကမ္ဘာတစ်ဝှမ်းတွင် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေသူ ဖြစ်သည်။ ကျွနု်ပ်တို့၏ လေ့ကျင့်ရေးနည်းလမ်းများမှာ အဆင့်ဆင့် ပြောင်းလဲတိုးတက်နေပြီး တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်သည့် အမှန်တကယ် တိုးတက်ပြောင်းလဲခြင်းဆိုသည်မှာ အဖွဲ့အစည်း အတွင်းကသာ စတင်သည် ဆိုတဲ့ အခြေခံသဘောတရား အတိုင်း ဆောင်ရွက်မည် ဖြစ်သည်။ ဒေးကာနေးဂီသင်တန်းသည် မိမိကိုယ်ကို ယုံကြည်စိတ်ပြည့်ဝလာစေရန် နှင့် မိမိ၏လုပ်ဖော်ကို်င်ဖက်များအား တိုးတက်ပြောင်းလဲလာဖို့ရာ ကူညီမြှင့်တင်ပေးနိုင်ရန် ယနေ့လုပ်ငန်းခွင်အတွက် တန်ဖိုးကြီးလှသော ခေတ်ပေါ် နည်းနာများစွာနှင့် ဆွေးနွေး အကြံပေးခြင်း၊ သင်ကြားပို့ချခြင်းတို့ဖြင့် တစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းတို့၏ အကောင်းဆုံး ဆောင်ရွက်နိုင်မှု စွမ်းရည်သတ္တိများ ပေါ်ထွက်လာအောင် ကူညီဖော်ထုတ် ပေးနေပါသည်။

What You'll Do With It

ဤထာဝရ တည်မြဲသော နိယာမများကို အသုံးချခြင်းဖြင့် သင်သည် သင့်ပတ်ဝန်းကျင်မှ လူများ၏ ယုံကြည်လေးစားမှုကို ရရှိသော ခေါင်းဆောင်တစ်ဦးအဖြစ် ထူးချွန်လာပါမည်။ တောက်ပပြီး အရင်းအမြစ် ပြည့်ဝသော အလုပ်သမားစုကြီးကို ထွန်းညှိခြင်းဖြင့် အပြုသဘောဆောင်သော အပြောင်းအလဲကို ဖန်တီးပါ။ တစ်ပါးသူများအား သင့်အတွေးများကို သဘောကျလက်ခံစေခြင်း၊ စိတ်ဖိစီးမှုကို လျော့ချပေးခြင်းဖြင့် သင့်အဖွဲ ့အစည်းကို တက်ကြွစေပြီး လုပ်ငန်းတစ်ခုလုံးကိုပါ အမြင့်သို ့ပို ့ဆောင်ပေးပါသည်။

ဒေးလ် ကာနယ်ဂျီ၏ အောင်မြင်မှုလှို ့ဝှက်ချက်များ
This information you provide will be used in accordance with the terms of our privacy policy.
Download Now