Last day to register for High Impact Presentations! Register Now
All Resources / Case Study / Fred Weber

ဒေးကာနေးဂီ၏ မန်နေဂျာများအတွက် ဦးဆောင်မှုသင်တန်းသည် ၎င်းတို့ကို အခြားသူများနှင့် အလုပ်လုပ်ရန်နှင့် တစ်ကိုယ်ရည် ဦးဆောင်ဦးရွက်ပြုမှုစွမ်းရည် မြှင့်တင်ရန်အတွက် စနစ်တကျတည်ဆောက်ထားသော လုပ်ငန်းစဉ်ကို ရရှိစေခဲ့ပါသည်။ တစ်နှစ်အတွင်းမှာပင် ဝန်ထမ်း ရ၆ယောက်သည် မန်နေဂျာရာထူးများအတွက် တာဝန်ယူလာနိုင်ကြသည်။ "သူတို့က ဝန်ထမ်းအသစ်တွေ မဟုတ်ပါဘူး။ ဒီလိုဆိုတော့ ကျွန်တော်တို့အတွက် အမှန်တကယ်ကို အကျိုးအမြတ်ဖြစ်ထွန်းတဲ့ သင်တန်းဖြစ်ခဲ့တာသေချာပါတယ်။" ဟု ဂျောဒန်းနိုးကပြောပါတယ်။ ဒီသင်တန်းဟာ ကုမ္ပဏီတစ်ဝန်းရှိ ဝန်ထမ်းတစ်ဦးချင်းစီကို ပူးပေါင်းဆောင်ရွက်စေခဲ့ပြီး အချင်းချင်းဆက်သွယ်ဆက်ဆံရန်နှင့် တစ်ဦးထံမှတစ်ဦး သင်ယူလေ့လာရန် တွန်းအားပေးသော ပတ်ဝန်းကျင်တွင် ထားရှိလုပ်ကိုင်စေခဲ့သည်။ "အဲဒါဘာဖြစ်လို့လဲဆိုတော့ သင်တန်းသားတစ်ဦးချင်းစီဟာ ဒေးကာနေးဂီစာသင်ခန်းမှာ စားပွဲတစ်လုံးထဲမှာ အတူတူထိုင်ရတဲ့အခါကျတော့ ဒီလုပ်ငန်းအတွက် အခွင့်အရေးကောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်တယ်။ ကျွန်တော်တို့အတွက် အရမ်းကို အကျိုးအမြတ်ရရှိခဲ့ပါတယ်။" ဟု တိုနီဂျော်ဒန်းနိုးက ပြောကြားသည်။

How They're Succeeding Now

ဒေးကာနေးဂီသင်တန်းကြောင့်ပင် Fred Weberက ထိရောက်အောက်မြင်တဲ့ ခေါင်းဆောင်မှုဆိုတာ စီမံခန့်ခွဲမှုတင်မဟုတ်ဘဲ ဝန်ထမ်းများက သူတို့ကိုတန်ဖိုးထားဆက်ဆံကြောင်း ခံစားရစေပြီး အောင်မြင်မှုဖော်ဆောင်နိုင်တဲ့ ဆန်းသစ်တီထွင်မှုတွေကို အားပေးတဲ့ ပတ်ဝန်းကျင်တစ်ခုကို အားပေးဖန်တီးခြင်းပင် ဖြစ်ကြောင်းကို သိရှိနားလည်ခဲ့သည်။ ပဲ့ကိုင်စီမံနေသော ခေတ်သစ်ခေါင်းဆောင်များရှိသည့် Weber သည် စျေးကွက်ထဲတွင် လွှမ်းမိုးချုပ်ကိုင်မှု ဆက်လက်တိုးပွားလာသည်နှင့်အမျှ နောက်တစ်ကြိမ်ပြန်လည်၍ နေရာတကျ ကြီးထွားတိုးတက်လာပြန်သည်။

Challenges

ဝင်ငွေတိုးပွားစေရန်အတွက် acquisition ကုမ္ပဏီဝယ်ယူမှုများကို Fred Weber မှ အကြီးအကျယ်ဆောင်ရွက်နေချိန်ကာလတွင် ဝန်ထမ်းများနုတ်ထွက် အငြိမ်းစားယူကြသောကြောင့် အဖွဲ့အစည်းအတွင်း အသိပညာအရင်းခံများ ဆုံးရှုံးခဲ့ရသည်။ ရာထူးအဆင့်အတိုင်းတက်လာသော စီမံခန့်ခွဲသူအသစ်များမှာလည်း လိုအပ်တဲ့ဦးဆောင်ဦးရွက်ပြုမှု လေ့ကျင့်ခြင်းများနှင့် အရည်အချင်းများ လစ်ဟာနေခဲ့ကြသည်။

Solutions

မန်နေဂျာများအတွက် ဒေးကာနေးဂီ၏ လေ့ကျင့်ရေးသင်တန်းသည် အဖွဲ့လိုက်ဆောင်ရွက်တတ်ခြင်း၊ နည်းနိဿယများကို အခြေခံ၍ လေ့လာသင်ယူခြင်းနှင့် လက်တွေ့စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုတို့ကို မှန်ကန်မျှတစွာ ပေါင်းစပ်ပေးပြီး ကုမ္ပဏီအတွက် တူညီသောစီမံခန့်ခွဲမှုဆိုင်ရာ မျှော်မှန်းချက်ကို ရရှိအောင်မြင်စေခဲ့သည်။ ကုမ္ပဏီတစ်ဝန်းရှိ ဝန်ထမ်းတစ်ဦးချင်းစီကို ပူးပေါင်းဆောင်ရွက်စေခဲ့ပြီး အချင်းချင်းဆက်သွယ်ဆက်ဆံရန်နှင့် တစ်ဦးထံမှတစ်ဦး သင်ယူလေ့လာရန် တွန်းအားပေးသော ပတ်ဝန်းကျင်တွင် ထားရှိလုပ်ကိုင်စေခဲ့သည်။

Results

ယခင်ကမစဉ်းစားဖူးခဲ့သော ဆန်းသစ်တီထွင်ထားသည့် ပရောဂျက်အသစ်များသည် ဝင်ငွေအမြောက်အမြားရရှိရန် အခွင့်အရေးကောင်းများကို ဖော်ထုတ်ပေးခဲ့ကြသည်။ ထိုပရောဂျက်များထဲမှ တစ်ခုဆိုလျှင် ကုန်ကျစရိတ် ဒေါ်လာ ၂သန်းကျော် သက်သာစေခဲ့သည်။ တစ်ဟုန်ထိုး ကြီးထွားတိုးတက်နေသည့် တစ်နှစ်တာကာလအတွင်းတွင် ဝန်ထမ်း ရ၆ယောက်တို့သည် စီမံခန့်ခွဲမှု တာဝန်သစ်များကို တာဝန်ယူဆောင်ရွက်ခဲ့သည်။ ခေတ်သစ်ခေါင်းဆောင်များနှင့် Weber သည် လုပ်ငန်းကြီးထွားတိုးတက်မှုအတွက် နောက်တစ်ကြိမ်ပြန်လည်၍ နေရာတကျ တည်ရှိလာခဲ့သည်။

ဒီသင်တန်းက ကျွန်တော်တို့ကုမ္ပဏီအတွက် ဘာတွေဘယ်လောက်တောင် လုပ်ပေးနိုင်ခဲ့သလဲဆိုတာ ကျွန်တော်ပြောလို့တောင်မကုန်နိုင်ပါဘူး။ ပုံစံတကျတည်ဆောက်ထားတဲ့သင်တန်းကြောင့် ကျွန်တော်တို့ဟာ တူညီတဲ့ ပန်းတိုင်တွေဆီ လျှောက်လှမ်းနေကြတယ်ဆိုတာကို သေချာအောင်လုပ်နိုင်တဲ့ အရည်အချင်းရရှိလာကြတယ်။ ကျွန်တော်တို့ ဥက္ကဋ္ဌရဲ့မျှော်မှန်းချက်အတိုင်း အဖွဲ့အစည်းတစ်ခုလုံးက လိုက်နာဆောင်ရွက်နေတာဟာ စွမ်းပကားကြီးမားလွန်းလှပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ ရှယ်ယာရှင်တွေအတွက် ထူးချွန်ဆုတွေ၊စတဲ့ အကျိုးရလဒ်တွေ ရှိခဲ့ပါတယ်။ တိုနီ ဂျော်ဒန်းနိုး၊ စီနီယာ ဥက္ကဋ္ဌ၊ Material Services၊ Fred Weber ကော်ပိုရေးရှင်း

Fred Weber - တိုနီ ဂျော်ဒန်းနိုး၊ စီနီယာ ဥက္ကဋ္ဌ၊ Material Services၊ Fred Weber ကော်ပိုရေးရှင်း